Wednesday, July 20, 2016

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ အကြိုဟောပြောပွဲ



မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ အကြိုဟောပြောပွဲကို (၆-၆-၂၀၁၆) ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ သင်ကြားရေးဘာသာရပ်ဆိုင်ရာဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။













မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားစဉ်


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်က ဘာသာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ကြားစဉ်။






မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား


၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်တို့က ဆုအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့အတူ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များကလည်း ဆုများကို ချီးမြှင့်ပေးခဲ့ကြပါသည်။ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများကလည်း ပျော်ရွှင်စွာဖြင့် အားပေးခဲ့ကြပါသည်။










 

 

 

 

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား(၁၉-၇-၂၀၁၆)


(၁၉-၇-၂၀၁၆)ရက်နေ့ ၀ါဆိုလပြည့်နေ့တွင် မိတ္ထီလာတက္ကသိုလ် ဓမ္မာရုံ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်၊ သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ တာဝန်ခံများနှင့် ၀န်ထမ်းများ တက်ရောက်ကြည်ညို၍ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
















(၆၉)နှစ်မြောက် အာဇာနည်နေ့တွင် မိတ္ထီလာတက္ကသိုလ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူ


၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်(အင်္ဂါနေ့) (၆၉)နှစ်မြောက် အာဇာနည်နေ့တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မိတ္ထီလာတက္ကသိုလ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခဲ့ပါသည်။