Monday, July 18, 2016

မိတ္ထီလာဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ စတုတ္ထအကြိမ် မြတ်ဆရာပူဇော်ပွဲ


မိတ္ထီလာဒေသကောလိပ် ကျောင်းသား၊ ကျောင်းသူဟောင်းများ စတုတ္ထအကြိမ် မြတ်ဆရာပူဇော်ပွဲကို မိတ္ထီလာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ(အသစ်)၌ (၁၇-၇-၂၀၁၆)ရက်နေ့ (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးနှင့် ဒေါက်တာကေသီသင်၊ သင်ကြားရေးဆိုင်ရာဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ အရာထမ်းဝန်ထမ်းများ တက်ရောက်ဂါရ၀ပြုခဲ့ကြပါသည်။















 



 

Friday, July 15, 2016

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ဂီတပဒေသာပွဲတော်

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ်အနုပညာအသင်းမှ ကြီးမှူးကျင်းပသော ဂီတပဒေသာပွဲတော်ကို (၁၄-၇-၂၀၁၆)ရက်နေ့တွင်ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်းကောင်း၊ ဒေါက်တာမာလာသိန်း(ပါမောက္ခ၊ ပထ၀ီဝင်ဌာန)တို့ကအသီးသီး အမှာစကားများ ပြောကြားခဲ့ပြီး သင်ကြားရေးဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ဌာနစိတ်တာဝန်ခံများ၊ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။













"Overview of PIC Microcontrollers" ခေါင်းစဉ်ဖြင့် ရူပဗေဒဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနား

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ရူပဗေဒဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို “Overview of PIC Microcontrollers” ခေါင်းစဉ်ဖြင့် ဦးရွှေသန်း(၀င်းထက်ဝင်း)၊ သုတေသနမှူး(ငြိမ်း)၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဟောပြောခဲ့ရာ မိတ္ထီလာတက္ကသိုလ်မှ ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ် တက်ရောက်အမှာစကားပြောကြားပြီး မိတ္ထီလာတက္ကသိုလ်မှ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲအခမ်းအနားကို (၂၉-၆-၁၆)ရက်နေ့မှ (၁-၇-၁၆)ရက်နေ့အထိ (၃)ရက်ကြာကျင်းပခဲ့ပါသည်။