Friday, July 15, 2016

"Overview of PIC Microcontrollers" ခေါင်းစဉ်ဖြင့် ရူပဗေဒဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနား

မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ရူပဗေဒဘာသာရပ်ဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို “Overview of PIC Microcontrollers” ခေါင်းစဉ်ဖြင့် ဦးရွှေသန်း(၀င်းထက်ဝင်း)၊ သုတေသနမှူး(ငြိမ်း)၊ အဏုမြူစွမ်းအင်ဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဟောပြောခဲ့ရာ မိတ္ထီလာတက္ကသိုလ်မှ ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ် တက်ရောက်အမှာစကားပြောကြားပြီး မိတ္ထီလာတက္ကသိုလ်မှ စိတ်ပါဝင်စားသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲအခမ်းအနားကို (၂၉-၆-၁၆)ရက်နေ့မှ (၁-၇-၁၆)ရက်နေ့အထိ (၃)ရက်ကြာကျင်းပခဲ့ပါသည်။









(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနား


(၆၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် အထိမ်းအမှတ် အင်္ဂလိပ်စာ 
 စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပရာ မိတ္ထီလာတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ  ဖြူ အေး နှင့် ဒေါက်တာကေသီသင်တို့ တက်ရောက်ဆုချီးမြှင့်ပေးခဲ့ကြပါသည်။










Thursday, July 7, 2016

ဂီတပဒေသာပွဲတော်




မိတ္ထီလာတက္ကသိုလ်၊ အနုပညာအသင်းမှကြီးမှူး၍ ဘာသာရပ်ပေါင်းစုံ ဂီတပဒေသာပွဲတော်ကို ၁၄-၇-၂၀၁၆ ရက်နေ့တွင် ဘွဲ့နှင်းသဘင်ခန်းမသစ်၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းကောင်းပါးပါသည်။