Wednesday, January 25, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား(၂၃-၁-၂၀၁၇)

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး
ဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်း၌
(၂၃-၁-၂၀၁၇)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍ အနိုင်ရ ဘောလုံးအသင်း(အမျိုးသား)အား ပထမဆုချီးမြှင့်ပေးခဲ့ပါသည်။ ထို့အတူ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်ကလည်း တက်ရောက်၍ အနိုင်ရဘောလုံးအသင်း(အမျိုးသမီး)အား ပထမဆုချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များကလည်း တက်ရောက်၍ အနိုင်ရ ဘောလုံးအသင်း(အမျိုးသားနှင့် အမျိုးသမီး)တို့မှ ပြိုင်ပွဲဝင် အားကစားသမား အသီးသီးတို့အား ဆုအသီးသီးချီးမြင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။





 

 
















Tuesday, January 17, 2017

သမိုင်းဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Administration of Meiktila during the Colonial Period (1886-1945)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနား(၁၇-၁-၂၀၁၇)


မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာတက္ကသိုလ် သမိုင်းဌာနမှ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် "Administration of Meiktila during the Colonial Period (1886-1945)" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်းအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် Learning Centre ခန်းမတွင် (၁၇-၁-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။






၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဓမ္မစင်္ကြာသင်တန်းနှင့် ရွတ်ဆိုပြိုင်ပွဲ အခမ်းအနား(၁၆-၁-၂၀၁၇)



၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဓမ္မစင်္ကြာသင်တန်းနှင့် ရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို

(၁-၁-၂၀၁၇)ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍ တရားနာယူပြီး သင်တန်းသားများအား ဆုအသီးသီးချီးမြှင့်ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

















Friday, January 13, 2017

၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား(၁၁-၁-၂၀၁၇)



၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၁-၁-၂၀၁၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီတွင် မိတ္ထီလာမြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ
မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူအေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကေသီသင်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ၀န်ထမ်းများ တက်ရောက်အားပေးခဲ့ကြပါသည်။