Thursday, December 31, 2015

Knowledge and Experience Sharing on "The 1st GU-NAST International Joint Meeting"

ဂျပန်နိုင်ငံ၊ Gifu University တွင်ကျင်းပပြုလုပ်ခဲ့သည့် The 1st GU-NAST International Joint Meeting သို့ မိတ္ထီလာတက္ကသိုလ်၊ ရူပဗေဒဌာနမှ ပါမောက္ခ ဒေါက်တာကျော်ကျော်ဝင်းနှင့် ရူပဗေဒမဟာတန်းမှ ကျောင်းသူ(၂)ဦးတို့က ဂျပန်နိုင်ငံ၊ Gifu University တွင်တက်ရောက်ခဲ့သည့် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို (၃၀-၁၂-၂၀၁၅)ရက်နေ့၌ မိတ္ထီလာတက္ကသိုလ်တွင် ကျင်းပခဲ့ရာ မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ဖြူ ဖြူ အေးတက်ရောက် အားပေးခဲ့ပါသည်။ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားတွင် "Developing New Research Excellence in Natural Science and Technology" ခေါင်းစဉ်ဖြင့် ရူပဗေဒပါမောက္ခ ဒေါက်တာကျော်ကျော်ဝင်းနှင့် မဟာတန်းမှ ကျောင်းသူ(၂)ဦးတို့က တင်ပြရှင်းလင်းခဲ့ကြပြီး တက်ရောက်လာကြသော ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ မိတ္ထီလာတက္ကသိုလ်မှ စိတ်ဝင်စားသည့် ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံခန့်ခွဲရေးအရှိများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြပါသည်။
 
 
 




 
 




 
 












Thursday, December 24, 2015

Fresher Welcome - 2015-2016 Academic Year

မိတ္ထီလာတက္ကသိုလ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဂုဏ်ဆောင် အားကစားသမားမျာအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို (၂၃-၁၂-၂၀၁၅)ရက်နေ့ နံနက်(၈း၃၀)နာရီတွင်လည်းကောင်း၊ နံနက်(၁၀း၃၀)နာရီတွင်လည်းကောင်း၊ နေ့လယ်(၁း၀၀)နာရီတွင်လည်းကောင်း အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀)ကျော်နှင့် ဆုရမောင်မယ်(၈၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်ဖြူ ဖြူ အေးက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ/ဌာနမှူးများနှင့် စီမံအရာရှိများက ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။